Thursday, November 5, 2015

ကွန်ပျူတာ Networking ဆိုတာ ဘာလဲ?


Networking ဆိုတာဘာလဲ၊ အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင်... ကမ္ဘာပေါ်ရှိ ကွန်ပျူတာများ၊ Networking ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့) အဲဒီထက်အများကြီး ပိုတဲ့ တစ်လုံးနှင့်တစ်လုံး အများအပြား ချိတ်ဆက်နိုင်ရန် တည်ဆောက်ပေးထားသော စံနစ်ကြီးတစ်ခုပါ၊ Networking ရဲ့ ရည်ရွယ်ချက်ကတော့ အချိတ်အဆက်မိထားတဲ့ ကွန်ပျူတာများအချင်းချင်း သတင်းအချက်အလက်များ ဖလှယ်ကြဖို့ပါ၊ အချင်းချင်း ဖိုင်အပြန်အလှန် ပို့ဆောင်ပေးရန် ကွန်ပျူတာများ၏ စက်ပစ္စည်းနှင့် ပရိုဂရမ်များ ပေါင်းစပ်ထားသော စံနစ်ဖြစ်ပါတယ်။ 

Area Networks

ကွန်ပျူတာ Network များကို အမျိုးမျိုးသော မတူညီသော နည်းလမ်းများဖြင့် အုပ်စုဖွဲ့ထားပေးနိုင်ပါတယ်။
နည်းလမ်းတစ်ခုအနေဖြင့် သတ်မှတ်ပြီး ချည်းကပ်ရန် Network နည်းစံနစ်များအရ မြေပုံတည်နေရာများအလိုက်  ၄င်းကို ချိတ်ဆက်ပေးထားကြပါတယ်။


 Local area networks (LANs)
တစ်ဆက်တစ်စပ်တည်းပုံစံဖြင့် တည်ရှိနေသော ချိတ်ဆက်မူပုံစံ (Local Area Networks) ဥပမာ။ ။ ယေဘုယအားဖြင့် အိမ်တအိမ်တွင်း ချိတ်ဆက်ခြင်း၊ စာသင်ကျောင်းများ၊ (သို့) သေးငယ်သော ရုံးအဖွဲ့အစည်းများအတွင်း ချိတ်ဆက်ခြင်း။
 

 wide area networks (WANs)
ကြီးမား ကျယ်ပြန့်သော Network ချိတ်ဆက်မှုစံနစ်မျိုး။ Wide area Network တစ်မြို့နှင့် တမြို့၊ ပြည်နယ်တစ်ခုနှင့် တစ်ခု၊ နောက်ဆုံး နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချိတ်ဆက်ပေးထားသော စံနစ်၊ တနည်း အင်တာနက် ဆိုတာလည်း ကမ္ဘာအကြီးဆုံး ပြည်သူများ ချိတ်ဆက်ထားသော Network စံနစ်တစ်ခုပင်ဖြစ်သည်။ 

Network Design

Network ဒီဇိုင်း ။ ။ ကွန်ပျူတာ Network လည်းဘဲ ၄င်းစံနစ်ကို ချည်းကပ်ဖို့နည်းလမ်းတွေဖြစ်ကြပါတယ်။
Network ဒီဇိုင်း ပုံစံကို Client / server နှင့် Peer-to-peer ဆိုပြီး ခေါ်နိုင်ပါတယ်။ (Client-server) Network  စနစ်များကို Server ဗဟိုမှ အဓိက ထိန်းချုပ်ပေးကြပါတယ်။
Server မှ ဆောင်ရွက်ပေးနိုင်တာကတော့ e-mail (အီးမေးလ်)၊ Web pages (အင်တာနက် စာမျက်နှာများ)၊ ဖိုင်နှင့် အခြားသော အသုံးချ program များတို့ဖြစ်ကြပါတယ်။ 
Peer-to-peer Network စနစ်များတွင် အပြန်အလှန်အားဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာများအားလုံးသည် တူညီသော ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားသော စံနစ်ဖြစ်ပါတယ်။ Client / server စံနစ်ကို စီးပွားရေးလုပ်ငန်းများမှာ အဓိကအသုံးပြုပြီး၊ Peer-to-peer စံနစ်များကိုတော့ အများအားဖြင့် အိမ်နှင့် အသေးစားရုံးများတွင် အသုံးပြုလေ့ရှိပါတယ်။ 


Network topology
 Network တည်ဆောက်ပုံအရ နေရာသတ်မှတ်မှုများကို ကိုယ်စားပြုကြပါတယ် (သို့) အချက်အလက်စီးဆင်းပုံ ဦးတည်ချက်ပုံစံကို မူတည်ပြီး တည်ဆောက်ထားကြပါတယ်။  bus networks တစ်ခုကို ဥပမာပေးကြည့်မယ်  ကွန်ပျူတာများ အားလုံး တစ်ခုတည်းသောနေရာမှ သွယ်တန်းပြီး မျှဝေသုံးစွဲသော စံနစ်ပုံစံပါ တနည်း မျဉ်းကြောင်းတစ်ကြောင်းတည်းတွင် ချိတ်ဆက်ထားသော စံနစ်များပင်ဖြစ်ပါတယ်။ Star Network များသည် ဗဟိုမှ အဓိကထိမ်းချုပ်ထားပြီး အချက်အလက် များ စီးဆင်းစေသော စံနစ်ဖြစ်ပါတယ်။  ယေဘူယအားဖြင့် network topologies မှာ Bus, Star, ring networks နှင့် Mesh networks များလည်း ပါဝင်ကြပါတယ်။

Network Protocols

Network Protocols    ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ အသုံးပြုစေပြီး  ဘာသာစကားများဖြင့်  Network ချိတ်ဆက်ခြင်းကို Network Protocols လို့ ခေါ်ပါတယ်။ အဲဒီမှာ မပြီးဆုံးသေးဘဲ Computer Network စံနစ်ကို အခြားနည်းလမ်းများဖြင့်လည်း ခွဲခြားနိုင်ပါသေးတယ် အဲဒါကလည်း Protocols စံနစ်မှ သတ်မှတ်ပေးထားခြင်းပါ။ Network တွင် အမျိုးမျိုးသော  Protocols မှ သီးခြားသော applications များအတွက် အသီးသီး အထောက်အပံ့ပေးထားခြင်းဟာ ပြည့်စုံစေသော အရာတစ်ခုပါ။ အဲဒီအထဲမှာ ရေပန်းစားတာကတော့ TCP/IP ပါဘဲ အိမ်သုံး အင်တာနက်စံနစ်ကို အသုံးအများဆုံး Protocols တစ်ခုပါဘဲ။ 

Home Networking

Home Networking (အိမ်သုံး ကွန်ပျူတာ network) network အင်ဂျင်နီယာများကပင် Network များကို ပြုလုပ်ပေးကြပြီး ၊ ထိန်းသိမ်း ပြုပြင်ပေးကြသည်။ အိမ်သုံးကွန်ယက်စံနစ်ကို ထုံးတမ်းစဉ်လာများအရ Network တပ်ဆင်သုံး အိမ်ပိုင်ရှင်မှ ပိုင်ဆိုင်ကြပါသည်။  အနည်းငယ်သော လူတစ်စု (သို့) နည်းပညာရှင်များ မဟုတ်ကြသူများ ဖြစ်ကြပါသည်။ Broadband router (wifi စက်) အများစုမှာ ကုမ္ပဏီအများစု မတူညီသော  အိမ်သုံး Network များအတွက် ရည်ရွယ်ပြီး တပ်ဆင်ထားကြပါတယ်၊ Broadband Internet( မြန်နှုန်းမြင့် ၂၄ နာရီလုံးချိတ်ဆက်ထားသော အင်တာနက်လိုင်း) များကိုအသုံးပြုပြီး အိမ်သုံး အင်တာနက်ကြိုးမဲ့လိုင်းစက် (broadband routers) မှ အိမ်ခန်းတစ်ခန်းနှင့်တစ်ခန်းကို ပြည့်ဝသော လိုင်းအားပြည့် စနစ်များဖြင့် တပြိုင်တည်း ချိတ်ဆက်ပေး ထားကြပါတယ်၊ အဲဒီ (Network) ကွန်ယက် အတွင်းမှာဘဲ Printers များ ၊ အချက်အလက်များ လွယ်ကူစွာပင် မျှေဝေသုံးစွဲခြင်းပေးပို့နိုင်ပါတယ်။ Network လုံခြုံမှုစံနစ်ကိုလည်း ကူညီပေးနိုင်ကြပါတယ်။
 

Home networks (အိမ်သုံး Network) စံနစ်မှာ   မျိုးဆက်တစ်ခုချင်းစီ၏ နည်းပညာအသစ် စွမ်းဆောင်ရည်များဟာ အစဉ်ဖွံ့ဖြိုးတိုးတက်လျှက်ရှိနေပါတယ်။ လွန်ခဲ့သော နှစ်များစွာက ယေဘူယအားဖြင့် Home network ကို လက်ရှိအသုံးပြုမည် ကွန်ပျူတာအတွက်သည် ချိတ်ဆက်ပေးထားလေ့ရှိကြပါတယ်။ အချို့သော အချက်အလက်များနှင့် Printer များကို မျှဝေသုံးစွဲခြင်းများလည်း ရှိခဲ့ပါတယ်။ အခုကာလမှာတော့ အိမ်ထောင်စုများအတွက် Network ဂိမ်းကစားခြင်းများ၊ ဗွီဒီယိုမှတ်တမ်းများ၊ Smartphone များမှ အသံနှင့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်ရှုအသုံးပြုနေကြပါပြီ၊ အလိုအလျောက် အိမ်သုံးစံနစ်များတွင်လည်း အဲဒီနှစ်များစွာအတွက် ရှိနှင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အဲ့ဒီစနစ်ဟာ အလွန်အမင်းဘဲ ခေတ်ရေစီးအရ ကြီးထွားမြန်ခဲ့ပါတယ်၊ မီးပွိုင့်များ၊ ဒီစကိုမီးများ၊ ထိန်းချုပ်ခြင်းဟာလည်း လက်တွေ့ကျသော Network စံနစ်ဖြစ်ပါတယ်၊ ဒီဂျီတယ် အပူချိန်တိုင်းကိရိယာများ၊ မီးဖိုချောင်သုံးပစ္စည်းများပင်ဖြစ်ပါတယ်။

Business Networks

 
 Business Networks (စီးပွားရေးလုပ်ငန်းသုံး ကွန်ယက်) သေးငယ်သော ရုံးများ၊ အိမ်များ၏ ပတ်ဝန်းကျင်တွင် တူညီသော network ချိတ်ဆက်မူကို အခြေခံခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းများတွင် ဆက်သွယ်ရေး ကွန်ယက်ချိတ်ဆက်မှုကို ထပ်တိုးချဲမှု ရှိခဲ့ပါတယ်။ အချက်လက်များ သိုလှောင်ခြင်း၊ လုံခြုံရေး လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ သူတို့ရဲ့ Network များကို အခြားသော နည်းလမ်းများဖြင့်  တိုးချဲခဲ့ကြပါတယ်၊ အစဉ်သဖြင့် သူတို့ရဲ့စီးပွားရေးများ ပိုပြီး ကြီးမားလာခဲ့ပါတယ်။ Home Network များကို ယေဘူယအားဖြင့် Lan (Local area Network) တစ်ခုတည်းဖြင့် ဆောင်ရွက် လုပ်ကိုင်ကြပါတယ်။ Business Network စီးပွားရေး ကွန်ယက်မှာတော့ LANs အများအပြားကို ပါရှိဖို့ ဆောင်ရွက်ကြပါတယ်၊ ကုမ္ပဏီများမှာ ၄င်းအဆောက်အဦး၏ တည်ဆောက်ပုံအရ နေရာအများအပြားကို Wide-area-network (နေရာကျယ်ကျယ်ပြန့်ချိတ်ဆက်ခြင်း) စံနစ်ကို သုံးပြီး သူတို့၏ ရုံးခွဲများကို အတူတကွ ချိတ်ဆက်လုပ်ဆောင်ကြပါတယ်။ အချို့အိမ်ထောင်စုများ ၄င်းစံနစ်ကို ချိတ်ဆက် အသုံးပြုကြပါတယ်၊ (Voice over IP) အိုင်ပီစံနစ်ဖြင့် အသံဖြင့် ချိတ်ဆက်ခြင်း နှင့် Network တွင် သိမ်းဆည်းခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ သတင်းအချက်အလက်များကို နည်းပညာဖြင့် Backup သိမ်းဆည်းပေးခြင်း။ ပိုပြီးကြီးမားသော ကုမ္ပဏီများမှာလည်း သူတို့၏ ကိုယ်ပိုင် Website များကို ထိန်းသိမ်း စောက်ရှောက်ကြပါတယ်၊ Intranets ဟုခေါ်သော မိမိကုမ္ပဏီ၏ စီးပွားရေး ဆက်သွယ်ခြင်း သီးသန့်စာမျက်နှာများမှ ကုမ္ပဏီ ၀န်ထမ်းများကို ကူညီပေးစေပါတယ်။



Networking and the Internet

    
ကွန်ပျူတာ Networking စံနစ် သိသိသာသာ ရေပန်းစားခဲ့ မှုဟာ  ၁၉၉၀ ခု အစောပိုင်းမှာ WWW( World Wide Web) စံနစ်တီထွင်လာမှုကြောင့်ပါဘဲ။ ပြည်သူပိုင် စာမျက်နှာများ ၊ Peer to peer (P2P) မှ ဖိုင်များ မျှဝေခြင်းစံနစ်၊ နှင့် အရေးပြီး အခြားသော ၀န်ဆောင်မှုများကို အင်တာနက် Sever မှတဆင့် ကမ္ဘာတ၀ှမ်းလုံးအတွက် အကျိုးဖြစ်စေခဲ့ပါတယ်။ 



Wired versus  Wireless Networking

ကြိုးစံနစ် နှင့် ကြိုးမဲ့ Network ချိတ်ဆက်ခြင်း၊ Network Protocols အများအပြားမှာ တူညီသော ချိတ်ဆက်မှုများ ရှိကြပါတယ်။ ဥပမာ၊ TCP/IP, ၄င်းစံနစ်ဟာ အင်တာနက်စံနစ်ကိုကြိုး (သို့) ကြိုးမဲ့ ချိတ်ဆက်မှုအတွက်ပါ ဆောင်ရွက်ပေးနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၊ အိမ်များ၊ ကျောင်းများအတွက် Ethernet ကြိုးစံနစ်  Network ချိတ်ဆက်ခြင်းကို ဆယ်စုနှစ်များစွာဖြတ်သန်းစေခဲ့ပါတယ်။ ပိုပြီး ပစ္စုပ္ပန်ကျတာကတော့ ကြိုးမဲ့ချိတ်ဆက်ခြင်းစံနစ်ဟာ ကွန်ပျူတာ Network ချိတ်ဆက်မှု နယ်ပယ်အသစ်တွင် နည်းပညာ၏ ပထမတန်းအဆင့်မှာ ရပ်တည်ခဲ့ပါတယ်။ ၄င်းစံနစ်များတွင် Smartphone အထောက်အပံ့တစ်ခုပင်ဖြစ်ပြီး ကြိုးမဲ့ ဆက်စပ်ပစ္စည်းအသွင်သစ်များလည်း Mobile Networking နယ်ပယ်အသစ်တစ်ခုအတွက် အစပျိုးခြေလှစ်သစ်တစ်ခုကို စတင်ပေးခဲ့သည်မဟုတ်ပါလား....။
Global Computer မှကူးယူဖော်ပြသည်။

ကွန်ယက်ချိတ်ဆက်မှု အမျိုးအစားများ

မေးခွန်း။ကြိုးမဲ့ကွန်ပျူတာချိတ်ဆက်မှုဆိုတာဘာလဲ။

အဖြေ။ ကြိုးမဲ့ချိတ်ဆက်မှုကွန်ယက်ဆိုတာ ဘက်စုံသုံး အင်တာနက်ချိတ် Modern ဖြင့် ကြိုးဖြင့်ချိတ်ဆက်ကွန်ယက်ချိတ်ဆက်ပြီး ကြိုးမဲ့ချိတ်ဆက်ကွန်ယက်ကို ပူးတွဲတပ်ဆင်ပေးထားနိုင်သည်။ ကြိုးမဲ့ချိတ်ဆက်မှုစနစ်ကို အိမ်နှင့်ရုံး စီးပွားရေးလုပ်ငန်းများတွင် ကျယ်ကျယ်ပြန်အသုံးပြုကြသည်။

ကွန်ယက်နည်းပညာများ

အမျိုးမျိုးသောနည်းပညာများသည် ဆက်လက်ဖွံ့ဖြိုးတိုးတက်လျှက်ရှိသည် ကြိုးမဲ့ချိတ်ဆက်ခြင်းဆီသို့ မတူညီသော ပုံစံဖြင့် ထောက်ပံ့ပေးထားပါတယ်။
Wi-Fi အထူးသဖြင့် အိမ်သုံးကွန်ယက်တွင် အထူးသဖြင့် ရေပန်းစားတာကတော့ Wifi ပါဘဲ၊ Hotspot နည်းပညာပါဘဲ။
Bluetooth နည်းပညာတွင် ဘက်ထရီစားသုံးမှုသက်သာစေသော ချိတ်ဆက်ခြင်း။
ကြိုးမဲ့အိမ်သုံးချိတ်ဆက်ခြင်းသည် ZigBee နှင့် Z-Wave ကို စံအဖြစ်ထားကြသည်။


ကြိုးနှင့် ကြိုးမဲ့ချိတ်ဆက်ခြင်းကောင်းကျိုးများ

ကြိုးမဲ့ အင်တာနက်ချိတ်ဆက်မှုစံနစ်


ရိုးရာ ချိတ်ဆက်မှု ကြိုးစံနစ်မှ အင်တာနက် ၀န်ဆောင်မှုသည် တယ်လီဖုန်းကြိုးလိုင်းကို မှီခိုသည်။ တနည်း အိမ်သုံး ရုပ်သံကြိုးလိုင်းမှ အင်တာနက်ချိတ်ဆက်မှု၊ ဖိုင်ဘာ အင်တာနက် ဆက်ကြောင်းစံနစ်။
အဲဒီစနစ်များဟာ ကြိုးများဖြင့် တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုသော စံနစ်များပင်ဖြစ်ပါသည်။ ချိတ်ဆက်မှုစံနစ်ပုံစံများဟာ ပုံစံမျိုးစုံလင်နိုင်ပါတယ်။ ကြိုးမဲ့ချိတ်ဆက်ခြင်းဟာ အိမ်နှင့် စီးပွါးရေးလုပ်ငန်းများ၏ အဓိက အစိတ်အပိုင်းများပင်ဖြစ်ပါသည်။

ကြိုးမဲ့ချိတ်ဆက်ရန် လိုရန် ဆက်စပ်ပစ္စည်းများ

တည်ဆောက်ရန်လိုအပ်သော ပစ္စည်းများမှာ ကွန်ပျူတာ စက်ပစ္စည်းများ၏ ပို့ပါးသော ဆက်စပ်ပစ္စည်းနှင့်အလားသဏ္ဍာန်တူသော ဖုန်းနှင့်Tables များတွင် ပါဝင်သော ကြိုးမဲ့ ရေဒီယိုစနစ်၊ ကြိုးမဲ့ Wireless Broadband  Router များသည် အိမ်များအတွက် အသုံးပြုကြလေ့ရှိသည်။ အခြားအမျိုးအစားများ နက်ဝက်လိုင်းများကို ဆက်လက်ချဲ့ ပေးသော Rage Extenders များ။   


ကြိုးမဲ့ကွန်ယက်ဘယ်လို အလုပ်လုပ်ဆောင်


ကြိုးမဲ့နည်းပညာတွင် ရေဒီယို လှိုင်းများနှင့် Microwave များမှ လိုင်းများထုတ်လွှတ်မှုကို  ထိန်းသိမ်း စောက်ရှောက်ပေးကြပါတယ်၊ နည်းပညာအသေးစိတ်ကို Wireless နောက်ကွယ်မှ Wifi ကဲ့သို့ နည်းပညာများက အရေးကြီးသော အစိတ်အပိုင်းအဖြစ် တည်ရှိနေကြပါတယ်၊ နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ် အခြေခံသိသင့်တာက ကွန်ယက်တည်ဆောက်ခြင်းနှင့် ပြည်လည် ပြင်ဆင်ခြင်းများကို လွယ်ကူစေပါသည်။

GLOBAL COMPUTER သင်တန်းမှကူးယူဖော်ပြသည်။