Sunday, August 9, 2015

Networking HR

Networking HR
တစ်ယောက်အဖြစ် အသက်မွေးမယ်ဆိုရင် နောက်ပိုင်းမှာ အခြေအနေအများကြီး ကောင်းနိုင်တယ်၊ ဘာကြောင်းလည်းဆိုတော့ Network တပ်ဆင်ခြင်း၊ အစဉ်တစိုက် ထိန်းသိမ်းခြင်းက အများကြီး အကျုံး ၀င်လာမှာပါ။ အိမ်များ၊ ရုံးများ၊ မီနီမတ် များ၊ ကုမ္ပဏီများတွင် Network တပ်ဆင်ခြင်း (ထိန်းသိမ်း)ခြင်းများ လိုအပ်လာမှာ ဖြစ်ပါတယ်။ခေတ်ရေစီးအရ တိုးတက်တဲ့ နိုင်ငံမှာ Network စနစ်များဟာ အဆင့်ဆင့် အရှိန်အဟုန် တိုးမြင့်လျှက်ရှိနေပါတယ်။ ထို့အတူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ မှာလည်း ထိုကဲ့သို့ ကူးလူး ပျံနှံ့သွားမည်မှာ သေချာပါသည်။Network စနစ်ဟာ လုပ်ငန်းအသီးသီးနှင့် သက်ဆိုင်
 နေမှာပါ ဘာဖြစ်လို့ပြောရလည်းဆိုရင် မိမိလုပ်ငန်းလွယ်ကူ လျင်မြန် အဆင်ချောမွတ်စေဖို့ Network ချိတ် ဆက်မှသာ ပြီးပြည့် စုံစေမှာပါ။ လုပ်ငန်းတိုင်းနဲ့ သက်ဆိုင်စေမယ်ဆိုတာက ဥပမာ ပြောရမယ်ဆိုရင်
မိမိလုပ်ငန်းကို ရုံးအဆောက်အဦး အပေါ်ထပ် အောက်ထပ်၊ အခန်းများ၊ ရပ်ကွက်များ၊မြို့ရွာများ ခွဲပြီးပြန့်
ပွားအောင် လုပ်ဆောင်ထားပြီဆိုရင်လိုအပ်နေသော အချက်အလက် များပို့ဆောင်ဖို့ လူသုံးနေစရာ မလိုပါဘူး Networkပေါ်ကနေ   ဖိုင်တွေ ၊လိုအပ်နေတဲ့ အချက်အလက်တွေ ပို့ဆောင်လို့ရပါ တယ်။ အဲဒါဟာ လူတွေကို လုပ်အား ကို သက်သာစေပါတယ် ပိုနေတဲ့ လုပ်အားတွေ ကို အခြားနေရာမှာ စီမံ ခန့်ခွဲစေ နိုင်မှာပါ။ ဘဏ် တွေအနေ နဲ့ပြောရမယ်ဆိုရင် အခု E-card, Visa card, Credit card တွေ ကနေပြီး ငွေလွဲ၊ငွေထုတ်ခြင်း စတဲ့ ကိစ္စ   တွေ ကို လည်းအချိန်နဲ့တပြေညီ ဆောင်ရွက်စေနိုင်ပါတယ်။ ဒီမှာမေးနိုင်တာက Networking နှင့်  ဘဏ်နဲ့ ဘာပတ်သက် လဲဆိုရင် သိပ်ကိုပါဝင်ပတ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဘဏ် တွေမှာ Securityတွေထားရှိသလို   E-card,Credit card တွေမှာလည်း လုံခြုံရေး (Network security) စနစ်တွေ အထူးလို အပ်ပါတယ်။ ဒါကြောင့် ပြောရမယ် ဆိုရင် ICT အခန်းကဏ္ဍဟာ သိပ်ပြီးကျယ်ဝန်း ပါတယ် ရှုပ်ထွေးတဲ့ပြသာနာများကို ဖြေရှင်းနိုင်ပါတယ်။မီးပွိုင့်၊ ရထား ၊လေဆိပ်  တွေဟာ Computer Program များဖြင့် Auto  လုပ်ဆောင်ထားခြင်းဖြင့် ပြေလည်စေမှာပါ။ Networking နည်းတူ Network security တွေဟာလည်း  လွန် စွာမှအရေးပါအရာရောက်လျက်ရှိပါတယ်။             

No comments:

Post a Comment